*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Sunday, August 19, 2012

"ထိပ်ဆုံးသို့"

တစ်တောင်ပေါ်တစ်တောင်ဆင့်၊ တောင်အမြင့်ပတ်ခြံရံ၊ တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေသမို့၊ ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုးလျှောက်ရပြန်။ ခါတလေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီဆက်မလှမ်းချင်ဘု၊ ရပ်တန်းကရပ်မယ်ကြံ၊ အမှန်တော့ဖြစ်နိုင်မလား?။ စခဲ့မိဟာပေါ့၊ တစ်နေ့မှာဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့၊ စိတ်နွမ်းအသာဖြေဦး၊ မာလာငွေကန်ရေအေးရယ်နဲ့၊ ငှက်တေးကိုအာရုံဆင်လို့၊ မူတသွင်အားအင်သစ်လိုက်ပေါ့၊ ချစ်ဖွယ့်လူသား။ ။

No comments:

Post a Comment