*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Monday, August 13, 2012

နမော တဿ ဖြင့် မြတ်ဗုဒ္ဓအားရှိခိုးကန်တော့ခြင်း


မြတ်စွာဘုရားရှင်အား ...
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”  " Homage to him, the Blessed one, the Holy one and the fully Enlightened one"

အရဟတော၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံတော်မူထိုက်ပေထသော ။သမ္မာသမ္ဗုဒ္ဓဿ၊ ဉေယျဓံတရားငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလိုကိုယ်တော်တိုင်သာလျှင် ကောင်းမွန်မှန်စွာ သိတော်မူပေထသော ။ တဿဘဂ၀တော၊ ဣဿရိယ၊ဓမ္မ၊ယသ၊သီရီ၊ကာမ၊ပယတ္ထ မည်ငြား ဘုန်းတော်ခြောက်ပါးသခင် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးအား။ နမော၊ ဒူး၊လက်၊နဖူး၊ထိငါးဦးဖြင့်  ကြည်နူးသဒ္ဓါ ရိုသေစွာဖြင့် ရှိခိုးကန်တော့ပါ၏ ဘုရား။ ။ ။ ဟုဆို၍ ရှိခိုးခဲ့သော ပုဂ္ဂိုလ် (၈) ဦးမှာ ...
(၁) သိကြားမင်း။
(၂) ကောသလမင်းကြီး။
(၃) ဇာဏုသောဏိ ပုဏ္ဏားကြီး။
(၄) ဗြဟ္မာယု ပုဏ္ဏားကြီး။
(၅) ဓနဉ္ဇာနီ ပုဏ္ဏေးမ။
(၆) အာရာမဒဏ္ဍ ပုဏ္ဏား။
(၇) ကာရဏပါလီ ပုဏ္ဏား။
(၈) မဟိန္ဒမင်းကြီးတို့ ဖြစ်ကြပါသည်။                 
                                                 အရှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment