*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Tuesday, August 14, 2012

ဦးစန္ဒြမဏိ ကျောင်းသားများ သာရေးနာရေးအသင်းဖြစ်ပေါ်လာရခြင်း


ယခင်နှစ်များစွာက နိုင်ငံတစ်ခုမှ နိုင်ငံတစ်ခုသို့ တစ်ခါတစ်ခေါက် လာရောက်လည်ပတ်မည် ဆိုသည်မှာ အလွန်ခတ်ခဲသော ကိစ္စတစ်ခုပင်ဖြစ်ပါသည်။ သို့သော် ယနေ့အချိန်တွင်မူကား ခေတ်ကာလ ပြောင်းလဲတိုးတက်လာသည်နှင့်အညီ ကူးသန်းသွားလာ ဆက်သွယ်ရေးစနစ်များ လွယ်ကူလာခြင်းကြောင့် ကမ္ဘာပေါ်မှာ များစွာသော လူတို့သည် တစ်ပြည်ဝင်တစ်ပြည်ထွက် လျင်မြန်လွယ်ကူစွာ အပြန်အလှန် သွားလာနိုင်ကြပြီးဖြစ်သည်။ ယခင်က ရက်ပေါင်းများစွား သွားလာခဲ့ရသော ခရီးကို ယခုအခါ နာရီပိုင်းအတွင်းမှာပင် အရောက်သွားလာနိုင်ကြပါပြီ။ လျင်မြန်လွယ်ကူသော ဆက်သွယ်ရေးစနစ် နည်းပညာများ အံ့မခန်း ဖွံဖြိုးတိုးတက်လာမှုကြောင့် ကမ္ဘာကြီး တစ်ခုလုံးကို သိမ်းကျုံးလျက် အဖွဲ့တစ်ခုကဲ့သို့ “Global village” ဟူ၍  ပြောဆိုနေကြခြင်းလည်း ဖြစ်ပါသည်။
ခရီးသွားလာရေးစနစ်များ လျင်မြန်လွယ်ကူလာခြင်းကြောင့် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံတို့မှ ဘုရားဖူးအဖွဲ့ပေါင်း များစွာတို့သည်လည်း အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓနှင့်ပတ်သက်ခဲ့သည့် နေရာများသို့ လျင်မြန်လွယ်ကူစွာဖြင့် လာရောက်ဖူးမြှော် လေ့လာ လည်ပတ်နေကြပြီ ဖြစ်ပါသည်။ ထို့အတူ ယခင်ကာလများကဲ့သို့ မဟုတ်ဘဲမြန်မာရဟန်းတော်များအနေဖြင့်လည်း အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း စသော ပြည်ပနိုင်ငံများသို့ ထွက်ခွါလျက် စာပေ ဗဟုသုတ များကို လေ့လာသင်ကြားဆည်းပူးနေကြပြီ ဖြစ်ပါသည်။ ထိုတွင် အိန္ဒိယနိုင်ငံသည်ကား ဘုရားအဆူဆူတို့ ပွင့်တော်မူခဲ့သည့်နေရာ၊ ဘုရားရှင်တိုင်း သစ္စာလေးပါး မြတ်တရားကို စတင်ဖြန့်ဖြူးခဲ့သည့်နေရာ၊ ဗုဒ္ဓသာသနာ အလွန်စည်ပင် ပြန့်ပွါးခဲ့သည့်နေရာ၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရာ နေရာ တစ်ခုပင်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် တက္ကသိုလ် အသီးသီး၌ လာရောက်သင်ကြားလေ့လာနေကြသော မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘေဒီယားနှင့် ဗီယက်နမ် စသော နိုင်ငံများမှ စာသင်သား ရဟန်းတော်များမှာလည်း တဖြည်းဖြည်းပိုမို များပြားလာသည်ကို တွေ့မြင်ရပါသည်။ မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးတရားတော်များသည် အမှန်တကယ်ပင် ကမ္ဘာအနှံပြန့်ပွါးလာတော့မည့် လက္ခဏာကို ဆောင်နေပါသည်။ အနာဂတ် ဗုဒ္ဓသာသနာတော်အတွက် အလွန်အားရကျေနပ်ဖွယ်လည်း ကောင်းလှပါသည်။
သို့ဖြစ်ရာ မိဘ၊ ဆရာသမား၊ တကာ၊ တကာမများနှင့် ဝေးကွာလျက် နိုင်ငံရပ်ခြား၌ စာပေပညာဗဟုသုတများကို လေ့လာလိုက်စား ဆည်းပူးနေကြရသော မိမိတို့ အနေဖြင့် တစ်ခါတစ်ရံ နာရေးကိစ္စတချို့ကိုလည်း ကြုံတွေကြရပါသည်။ နာရေးကိစ္စရပ်များကြောင့် အခတ်ခဲများကိုလည်း ရင်ဆိုင်ခဲ့ကြရပါသည်။ ထို့ကြောင့် အလားတူကိစ္စရပ်များ ကြုံလာသောအခါ ဖြစ်ပေါ်လာမည့် အခတ်အခဲများကို အလွယ်တစ်ကူ ဖြေရှင်းနိုင်စေရေးအတွက် အသင်းအဖွဲ့အစည်းတစ်ခု ရှိပါက ပို၍  သင့်တော်မည်ဟု စာသင်သားရဟန်းတော်များ၏ နှလုံးအိမ်တွင် အသီးသီးခံစားမှုများ ဖြစ်ပေါ်ခဲ့ကြပါသည်။
ထို့အပြင် ပြည်ပနိုင်ငံတွင် စာသင်နေကြရသော သံဃာတော်များအနေဖြင့် စာပေဗဟုသုတသာမက ဘာသန္တရ စသော ဗဟုသုတများပါ ရှိဖို့ လိုအပ်လှပါသည်။ ထို့ကြောင့် ပညာရေးနှင့် အထွေထွေ ဗဟုသုတများ ပိုမိုတိုးတက် မြင့်မားလာစေရန် တက္ကသိုလ်တွင် သင်ယူ၍ မလုံလောက်သည့် ပညာရပ်များကိုပါ သင်တန်းအသီးသီး ဖွင့်လှစ်၍ သင်ကြားပေးနိုင်ရေးအတွက် အသင်းအဖွဲ့အစည်းတစ်ခု မုချလိုအပ်နေသည်ဟုလည်း သဘောတူ စဉ်းစားခဲ့ကြသည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာခဲ့ရသည့် ခံစာချက်များအတိုင်း အချင်းချင်းညီညွတ်စွာဖြင့် ကြုံရဆဲ ကြုံရလတံ့ဖြစ်သော သာရေး နာရေး ကိစ္စအဝဝကို ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရန် ဖြစ်စင်သော မေတ္တာ၊ ကောင်းမြတ်သော စေတနာ၊ ကြင်နာမှုကရုဏာတို့ဖြင့် အိန္ဒိယနိုင်ငံ၌ ရာစု နှစ်ပေါင်းများစွား မှေးမှိန်၍ ကွယ်ပျောက်လုလုဆဲဆဲဖြစ်နေသော ဗုဒ္ဓသာသနာကို ပြန်လည်အသက်သွင်းပေးခဲ့သော ကမ္ဘာ့သာသနာပြုအကျော် ကျေးဇူးတော်ရှင် ဆရာတော်ဦးစန္ဒြမဏိ၏ ကြီးမားသော အနန္တ ဂုဏ်ကျေးဇူးများကို ဂုဏ်ပြုပူဇော်လျက် “U Chandramani Student Welfare Assdcition”အမည်နဲ့ပဲ “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း”ကို ကုသိနာရုံ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ  (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ နာလန္ဒာတရုပ်ကျောင်းဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ပညာလင်္ကာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ မိဂဒါဝုန်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝဏ္ဏဓဇ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဗုဒ္ဓဂယာ မဟာအောင်မြေကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇဝန စသော ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ ဖွဲ့စည်း တည်ထောင်လိုက်ရခြင်း ဖြစ်ပါသည်။

  (နှစ်ပါတ်လည် အစည်းအဝေး၌ ( ၂၀၁၂ - ၂၀၁၄) ဗဟိုကော်မတီဝင်များ အမှတ်တရ ဓါတ်ပုံ)
ပညာရေးဆိုင်ရာအမှုဆောင် အဖွဲ့
 (၁) ဦး ကဝိန္ဒ
 (၂) ဦး ဉာဏုတ္တရ
 (၃) ဦး နန္ဒမာလာ
 (၄) ဦး ကဝိဓဇ
 (၅) ဦး ပညာဝံသ

ကျန်းမာရေး အမှုဆောင်အဖွဲ့
(၁) ဦး သုနန္ဒ
(၂)  ဦး သံဃာ့ပီယ
 (၃) ဦး ဉာဏဝံသ
 (၄) ဦး ဉာဏောဘာသ
 (၅) ဦး ခေမာ
  (၆) ဦး ဓမ္မိက

ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့
 (၁) ဦး ဣဿရိယ
 (၂) ဦး ယဿ
 (၃) ဦး ဇဋိလ
 (၄) ဦး စန္ဒိမာ
 (၅) ဦး နန္ဒေဘာသ
 (၆) ဦး ဝရဝံသ
 (၇) ဦး နန္ဒိယ

ပြန်ကြားရေး အထောက်အကူပြု အဖွဲ့
 (၁) ဦး အဂ္ဂဝံသ
 (၂) ဦး မေဓာသာရ
 (၃) ဦး အာနန္ဒာပဏ္ဍိတ
 (၄) ဦး ဝိသုဒ္ဓ
 (၅) ဦး သုဘာသိတ
 (၆) ဦး ရေဝတ
 (၇) ဦး ပညာနန္ဒ 

(မှတ်ချက်။           ။ဤ အသင်း၏ အမည်ကို ၂၀၁၁ ခု နှစ်ကုန်ပိုင်းအချိန်တွင် “U Chandramani Memorial Student Welfare Trust”ဟု ပြန်ပြောင်းခဲ့ကြသည်။ အိန္ဒိယ ဗဟိုအစိုးရထံ၏ အသင်းအဖွဲ့စည်းများ မှတ်ပုံတင်ဌာနတွင် တရားဝင် မှတ်ပုံတင် လျှောက်ထားခဲ့ကြပြီး ၂၀၁၁ ခု နှစ်ကုန်ပိုင်းကတည်းကပင် တရားဝင် မှတ်ပုံတင်ကျပြီး၍ အစိုးရအသိမှတ်ပြု အဖွဲ့အစည်းတခု ဖြစ်ပါသည်။ လက်ရှိ အသင်း၏ အမည်ကို “U Chandramani Memorial Student Welfare Trust”ဟု မှတ်ယူရမည်ဖြစ်ပါသည်။ မြန်မာလိုအားဖြင့် ဖွဲ့စည်းခါစက သတ်မှတ်ထားခဲ့သော အမည်ကို ပြောင်းလွဲခြင်း မရှိခဲ့သောကြောင့် “ဦး စန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း”ဟူ၍ပင် မှတ်ယူရမည် ဖြစ်ပါသည်။ ယခုအခါမှာ အစိုးရအသိအမှတ်ပြု တရားဝင်အဖွဲ့စည်းတခု အနေဖြင့် မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော ဘာသာရေး သာသနာရေး ကိစ္စအဝဝကို ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။)

No comments:

Post a Comment