*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Tuesday, August 28, 2012

ရေပန်းစားလာသော ATM စက်များအကြောင်းတစ်စေ့တစ်စောင်း

၁၉၅၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ATM စက် (အလိုအလျောက်ငွေထုတ်စက်) ကို ပထမဆုံးအသုံးပြုခဲ့ပါ တယ်။ ၁၉၆၀ နောင်းပိုင်းကစတင် ရေပန်းစားပြီး ယနေ့အချိန်အထိ အသုံးပြုနေတဲ့ ATM (Automated teller machine) ရဲ့ အခြေခံ ဖွဲ့စည်းပုံအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ CPU (အသုံးပြုသူ interface နှင့် ငွေထုတ်စက်အား ထိန်းချုပ်ရန်)
၂။ Magnetic/ Chip card (ငွေထုတ်သူ Customer အား ခွဲခြားဆုံးဖြတ်ရန်)
၃။ PIN/ Touch Screen ( လျို့ဝှက်ကုဒ်နံပါတ်ရိုက်ရန်)
၎။ Display (ဖန်သားမျက်နှာပြင်)
၅။ Function key buttons/ Touch screen ( ထုတ်မည့်ငွေပမာဏအားရိုက်ထည့်ရန်)
၆။ Vault (ငွေများအားထိန်းသိမ်းကာကွယ်သည့် မီးခံသေတ္တာအလွှာ)
၇။ Housing (စက်အခွံ)

Sunday, August 26, 2012

ဗုဒ္ဓဘာသာဦးရေအများဆုံး ထိပ်တန်း (၁၀) နိုင်ငံ

၁ - တရုတ်ပြည်သူ့သမ္မတနိုင်ငံ - ၂၇၇,၅၈၈,၈၉၆ သန်းရှိသည်။
၂ - ဂျပန်နိုင်ငံ - ၉၁,၀၀၀,၀၀၀ သန်းရှိသည်။
၃ - ဗီယက်နမ်နိုင်ငံ - ၇၄,၂၆၈,၇၅၀ သန်းရှိသည်။
၎ - ထိုင်းနိုင်ငံ - ၆၁,၈၁၄,၇၄၂ သန်းရှိသည်။
၅ - ပြည်ထောင်စုသမ္မတမြန်မာနိုင်
ငံ - ၄၈,၀၁၉,၂၀၀ သန်းရှိသည်။
၆ - တိုင်ဝမ် - ၂၁,၅၃၀,၃၅၈ သန်းရှိသည် ။
၇- မြောက်ကိုးရီးယားနိုင်ငံ - ၁၇,၆၇၇,၆၄၆ သန်းရှိသည်။
၈- တောင်ကိုရီးယားနိုင်ငံ - ၁၈,၅၇၂,၅၀၀ (10,931,874 – 18,572,500 ) သန်းရှိသည်။
၉ - သီရီလင်္ကာနိုင်ငံ - ၁၆,၀၅၀,၄၈၄ သန်း ရှိသည်။
၁၀ - ကမ္ဘောဒီယားနိုင်ငံ - ၁၃,၉၃၈,၄၆၀သန်းရှိသည်။
( ဗုဒ္ဓသာသနာစတင်ခဲ့ရာ အိန္ဒိယနိုင်ငံသည်  ဗုဒ္ဓဘာသာဝင်ဦးရေ ၁၃,၂၇၄,၆၆၈ သန်း နိုင်ငံ လူဦးရေ၏ ၂% ရာခိုင်နှုန်းပြီး၊ ကမ္ဘာ့ဗုဒ္ဓဘာသာဦးရေထိပ်ဆုံး
နိုင်ငံများ တွင် ကမ္ဘောဒီးယားနိုင်ငံ၏ နောက်အဆင့် ၁၁- တွင် သာရှိပါသည်။ )
 အရှင် စန္ဒိမာ (ဓမ္မလရိပ်)

“ကြောင်လက်သည်းဝှက်သလို”

တချို့က ပိုက်ဆံကုန်မှ ကုသိုလ်ရတယ် ထင်နေကြတယ် ။ ဟုတ်ချင်မှ ဟုတ်တာ။
တချို့က ဒါန၊ သီလကို နာမည်လိုချင်လို့ ပြုတာရှိတယ်။
လှူနိုင်ပါပေတယ်၊ တော်ပါပေတယ် ဆိုတဲ့ ဂုဏ်ကိုလိုချင်တယ် ။
အဲဒီမှာ ဒါနကုသိုလ် နည်းနည်းညံ့သွားပြီ။ သီလကုသိုလ်နိမ့်သွားပြီ။
သိပ်ပြီးတော့ သတိထားစရာကောင်းတယ်နော်။

ကျောင်းဆောက်တယ် ။ ဘုရားတည်တယ်။
ကျောင်းဒယကာ၊ ကျောင်းအမကြီး၊ ဘုရားဒယကာကြီး၊ ဘုရားအမကြီး အခေါ်ခံချင်တယ်။
ဒါ သန့်ရှင်းဦးမလား။

ပုတီးစိပ်တယ်။ လူမြင်စေချင်တယ်။ တစ်ချို့ ပုတီးလေးမြှောက်ပြလိုက်သေးတာ ။
ကမ္မဋ္ဌာန်းတရားအားထုတ်တယ်။ ကျွန်တော်ကလေ ၊ ကျွန်မကလေ
အခု တရားအားထုတ်နေတာ ဘာညာနဲ့ ပါးစပ်ကကြွားသေးတာ ၊ ဂုဏ်ဖေါ်ချင်သေးတာ ။

'သာသနာနဲ့စပ်တဲ့ ကုသိုလ်ဆိုတာ ကြောင် လက်သည်းဝှက်သလို ဝှက်ရပါတယ်' ။
ကိုယ်ပြုတဲ့ကုသိုလ် သူတစ်ပါး မသိရင်ပိုကောင်းတယ် ။
ချီးမွမ်းမှု ၊ ကျော်စောမှုကို ငဲ့ပြီး ပြုလုပ်တာဟာ မကောင်းပါဘူး ။

(ပဋ္ဌာန်းသိပ္ပံဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒာက)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ (စာ-၂၄၉) မှ ကောက်နှုတ်ရေးသားပါသည်။

Monday, August 20, 2012

“ဗုဒ္ဓ ၏ အံ့သြဖွယ် မိန့်ခွန်းတော်”

“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာအယူဝါဒထူထောင်ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊
မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ပြတ်သားစွာဟောကြားခဲ့
ပါသည်။
အိန္ဒိယနိုင်ငံ၊ကောသလတိုင်း၊ကေသမုတ္တိရွာသား၊ကာလာမလူမျိုးတို့ကိုဟောကြား
သော“ကာလာမသုတ္တန်”သည်“အမှန်တရားကိုရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏လက်ဆောင်လမ်း
ညွှန်ချက်”တရားတို့ပင်ဖြစ်သည်။

သြ၀ါဒ ပါတိမောက် ဓမ္မစေတီကျောက်စာတော်


၁။ လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင်.ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို. ဟောတော်မူကုန်၏။

သူတစ်ပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတစ်ပါးကို ညှင်းဆဲသော သူသည် မကောင်းမှုတို.ကို ငြိမ်းစေသူ မဟုတ်။

၂။ မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည်.စုံစေရာ၏။
မိမိစိတ်ကို သန်.ရှင်းဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို.၏ အဆုံးအမတော်ပေတည်း။

၃။ သူတစ်ပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတစ်ပါးကို မညှင်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင်.စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာအားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို.၏ အဆုံးအမတော်ပေတည်း။              
                                                                   အရှင် စန္ဒိမာ ( ဓမ္မလရိပ်)

Sunday, August 19, 2012

"ထိပ်ဆုံးသို့"

တစ်တောင်ပေါ်တစ်တောင်ဆင့်၊ တောင်အမြင့်ပတ်ခြံရံ၊ တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေသမို့၊ ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုးလျှောက်ရပြန်။ ခါတလေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီဆက်မလှမ်းချင်ဘု၊ ရပ်တန်းကရပ်မယ်ကြံ၊ အမှန်တော့ဖြစ်နိုင်မလား?။ စခဲ့မိဟာပေါ့၊ တစ်နေ့မှာဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့၊ စိတ်နွမ်းအသာဖြေဦး၊ မာလာငွေကန်ရေအေးရယ်နဲ့၊ ငှက်တေးကိုအာရုံဆင်လို့၊ မူတသွင်အားအင်သစ်လိုက်ပေါ့၊ ချစ်ဖွယ့်လူသား။ ။

ဗုဒ္ဓဘာသာနဲ့ပါတ်သက်တဲ့ မေးခွန်း ၁၃ ခု


(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။

Friday, August 17, 2012

နိုင်ငံခြားပညာသင်ဆု လျှောက်ချင်သူများအတွက် လမ်းညွှန်ချက်


ပညာသင်ဆု (Scholarship) မှာ အထူးသဖြင့် နိုင်ငံခြား ပညာသင်ဆုတွေကို မက်မောလိုချင်သူတွေ ရှိပေမယ့် ဘယ်လိုလူမျိုးတွေ ပညာသင်ဆုရတယ်၊ ဘယ်လိုအရည်အချင်းတွေရှိရင် ပညာသင်ဆု ရတယ်ဆိုတာ သိသူ နည်းပါတယ်။ ကိုယ့်ကိုယ်ကို
- နိုင်ငံတကာပညာသင်ဆုကို လျှောက်ဖို့ ငါ့မှာ အမှန်တကယ် အရည်အချင်းတွေရှိရဲ့လား- ငါ့မှာရှိတဲ့ ပညာလောက်နဲ့ ပညာသင်ဆု လျှောက်ဖို့ လုံလောက်ရဲ့လား- ပညာသင်ဆုရအောင် ဘာတွေလုပ်ရမယ်ဆိုတာ သိထားပြီးပြီလားလို့ ပြန်ပြီး မေးကြည့်သင့်ပါတယ်။

Wednesday, August 15, 2012

ဆရာတော် ဘဒ္ဒန္တ စန္ဒြမဏိ၏ အတ္ထုပ္ပတ္တိအကျဉ်း


ကျေးဇူးတော်ရှင် ဆရာတော် ဦးစန္ဒြမဏိ မဟာထေရ်မြတ် လောင်းလျှာကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးအောင်ကျော်နှင့် မယ်တော် ဒေါ်မိဝင်းယေ တို့မှ ၁၈၇၅ ခု၊ မေလ ၂၅ ရက်နေ့တွင် မီးရှူးသန့် စင် ဖွားမြင်တော်မူခဲ့ပါသည်။
ငယ်နာမည်မှာ သာပန်းဦးဖြစ်ပြီး မွေးချင်းသုံးယောက် အနက် သားဦးရတနာလည်း ဖြစ်သည်။ အသက် ၁၂ နှစ် အရွယ်တွင် စစ်တွေမြို့၊ စန္ဒိမာရာမကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာဏေ အဖြစ်သို့ ဝင်ရောက်ခဲ့ပါသည်။

Tuesday, August 14, 2012

ဦးစန္ဒြမဏိ ကျောင်းသားများ သာရေးနာရေးအသင်းဖြစ်ပေါ်လာရခြင်း


ယခင်နှစ်များစွာက နိုင်ငံတစ်ခုမှ နိုင်ငံတစ်ခုသို့ တစ်ခါတစ်ခေါက် လာရောက်လည်ပတ်မည် ဆိုသည်မှာ အလွန်ခတ်ခဲသော ကိစ္စတစ်ခုပင်ဖြစ်ပါသည်။ သို့သော် ယနေ့အချိန်တွင်မူကား ခေတ်ကာလ ပြောင်းလဲတိုးတက်လာသည်နှင့်အညီ ကူးသန်းသွားလာ ဆက်သွယ်ရေးစနစ်များ လွယ်ကူလာခြင်းကြောင့် ကမ္ဘာပေါ်မှာ များစွာသော လူတို့သည် တစ်ပြည်ဝင်တစ်ပြည်ထွက် လျင်မြန်လွယ်ကူစွာ အပြန်အလှန် သွားလာနိုင်ကြပြီးဖြစ်သည်။ ယခင်က ရက်ပေါင်းများစွား သွားလာခဲ့ရသော ခရီးကို ယခုအခါ နာရီပိုင်းအတွင်းမှာပင် အရောက်သွားလာနိုင်ကြပါပြီ။ လျင်မြန်လွယ်ကူသော ဆက်သွယ်ရေးစနစ် နည်းပညာများ အံ့မခန်း ဖွံဖြိုးတိုးတက်လာမှုကြောင့် ကမ္ဘာကြီး တစ်ခုလုံးကို သိမ်းကျုံးလျက် အဖွဲ့တစ်ခုကဲ့သို့ “Global village” ဟူ၍  ပြောဆိုနေကြခြင်းလည်း ဖြစ်ပါသည်။
ခရီးသွားလာရေးစနစ်များ လျင်မြန်လွယ်ကူလာခြင်းကြောင့် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံတို့မှ ဘုရားဖူးအဖွဲ့ပေါင်း များစွာတို့သည်လည်း အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓနှင့်ပတ်သက်ခဲ့သည့် နေရာများသို့ လျင်မြန်လွယ်ကူစွာဖြင့် လာရောက်ဖူးမြှော် လေ့လာ လည်ပတ်နေကြပြီ ဖြစ်ပါသည်။ ထို့အတူ ယခင်ကာလများကဲ့သို့ မဟုတ်ဘဲမြန်မာရဟန်းတော်များအနေဖြင့်လည်း အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း စသော ပြည်ပနိုင်ငံများသို့ ထွက်ခွါလျက် စာပေ ဗဟုသုတ များကို လေ့လာသင်ကြားဆည်းပူးနေကြပြီ ဖြစ်ပါသည်။ ထိုတွင် အိန္ဒိယနိုင်ငံသည်ကား ဘုရားအဆူဆူတို့ ပွင့်တော်မူခဲ့သည့်နေရာ၊ ဘုရားရှင်တိုင်း သစ္စာလေးပါး မြတ်တရားကို စတင်ဖြန့်ဖြူးခဲ့သည့်နေရာ၊ ဗုဒ္ဓသာသနာ အလွန်စည်ပင် ပြန့်ပွါးခဲ့သည့်နေရာ၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရာ နေရာ တစ်ခုပင်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် တက္ကသိုလ် အသီးသီး၌ လာရောက်သင်ကြားလေ့လာနေကြသော မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘေဒီယားနှင့် ဗီယက်နမ် စသော နိုင်ငံများမှ စာသင်သား ရဟန်းတော်များမှာလည်း တဖြည်းဖြည်းပိုမို များပြားလာသည်ကို တွေ့မြင်ရပါသည်။ မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးတရားတော်များသည် အမှန်တကယ်ပင် ကမ္ဘာအနှံပြန့်ပွါးလာတော့မည့် လက္ခဏာကို ဆောင်နေပါသည်။ အနာဂတ် ဗုဒ္ဓသာသနာတော်အတွက် အလွန်အားရကျေနပ်ဖွယ်လည်း ကောင်းလှပါသည်။
သို့ဖြစ်ရာ မိဘ၊ ဆရာသမား၊ တကာ၊ တကာမများနှင့် ဝေးကွာလျက် နိုင်ငံရပ်ခြား၌ စာပေပညာဗဟုသုတများကို လေ့လာလိုက်စား ဆည်းပူးနေကြရသော မိမိတို့ အနေဖြင့် တစ်ခါတစ်ရံ နာရေးကိစ္စတချို့ကိုလည်း ကြုံတွေကြရပါသည်။ နာရေးကိစ္စရပ်များကြောင့် အခတ်ခဲများကိုလည်း ရင်ဆိုင်ခဲ့ကြရပါသည်။ ထို့ကြောင့် အလားတူကိစ္စရပ်များ ကြုံလာသောအခါ ဖြစ်ပေါ်လာမည့် အခတ်အခဲများကို အလွယ်တစ်ကူ ဖြေရှင်းနိုင်စေရေးအတွက် အသင်းအဖွဲ့အစည်းတစ်ခု ရှိပါက ပို၍  သင့်တော်မည်ဟု စာသင်သားရဟန်းတော်များ၏ နှလုံးအိမ်တွင် အသီးသီးခံစားမှုများ ဖြစ်ပေါ်ခဲ့ကြပါသည်။
ထို့အပြင် ပြည်ပနိုင်ငံတွင် စာသင်နေကြရသော သံဃာတော်များအနေဖြင့် စာပေဗဟုသုတသာမက ဘာသန္တရ စသော ဗဟုသုတများပါ ရှိဖို့ လိုအပ်လှပါသည်။ ထို့ကြောင့် ပညာရေးနှင့် အထွေထွေ ဗဟုသုတများ ပိုမိုတိုးတက် မြင့်မားလာစေရန် တက္ကသိုလ်တွင် သင်ယူ၍ မလုံလောက်သည့် ပညာရပ်များကိုပါ သင်တန်းအသီးသီး ဖွင့်လှစ်၍ သင်ကြားပေးနိုင်ရေးအတွက် အသင်းအဖွဲ့အစည်းတစ်ခု မုချလိုအပ်နေသည်ဟုလည်း သဘောတူ စဉ်းစားခဲ့ကြသည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာခဲ့ရသည့် ခံစာချက်များအတိုင်း အချင်းချင်းညီညွတ်စွာဖြင့် ကြုံရဆဲ ကြုံရလတံ့ဖြစ်သော သာရေး နာရေး ကိစ္စအဝဝကို ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရန် ဖြစ်စင်သော မေတ္တာ၊ ကောင်းမြတ်သော စေတနာ၊ ကြင်နာမှုကရုဏာတို့ဖြင့် အိန္ဒိယနိုင်ငံ၌ ရာစု နှစ်ပေါင်းများစွား မှေးမှိန်၍ ကွယ်ပျောက်လုလုဆဲဆဲဖြစ်နေသော ဗုဒ္ဓသာသနာကို ပြန်လည်အသက်သွင်းပေးခဲ့သော ကမ္ဘာ့သာသနာပြုအကျော် ကျေးဇူးတော်ရှင် ဆရာတော်ဦးစန္ဒြမဏိ၏ ကြီးမားသော အနန္တ ဂုဏ်ကျေးဇူးများကို ဂုဏ်ပြုပူဇော်လျက် “U Chandramani Student Welfare Assdcition”အမည်နဲ့ပဲ “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း”ကို ကုသိနာရုံ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ  (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ နာလန္ဒာတရုပ်ကျောင်းဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ပညာလင်္ကာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ မိဂဒါဝုန်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝဏ္ဏဓဇ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဗုဒ္ဓဂယာ မဟာအောင်မြေကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇဝန စသော ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ ဖွဲ့စည်း တည်ထောင်လိုက်ရခြင်း ဖြစ်ပါသည်။

  (နှစ်ပါတ်လည် အစည်းအဝေး၌ ( ၂၀၁၂ - ၂၀၁၄) ဗဟိုကော်မတီဝင်များ အမှတ်တရ ဓါတ်ပုံ)
ပညာရေးဆိုင်ရာအမှုဆောင် အဖွဲ့
 (၁) ဦး ကဝိန္ဒ
 (၂) ဦး ဉာဏုတ္တရ
 (၃) ဦး နန္ဒမာလာ
 (၄) ဦး ကဝိဓဇ
 (၅) ဦး ပညာဝံသ

ကျန်းမာရေး အမှုဆောင်အဖွဲ့
(၁) ဦး သုနန္ဒ
(၂)  ဦး သံဃာ့ပီယ
 (၃) ဦး ဉာဏဝံသ
 (၄) ဦး ဉာဏောဘာသ
 (၅) ဦး ခေမာ
  (၆) ဦး ဓမ္မိက

ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့
 (၁) ဦး ဣဿရိယ
 (၂) ဦး ယဿ
 (၃) ဦး ဇဋိလ
 (၄) ဦး စန္ဒိမာ
 (၅) ဦး နန္ဒေဘာသ
 (၆) ဦး ဝရဝံသ
 (၇) ဦး နန္ဒိယ

ပြန်ကြားရေး အထောက်အကူပြု အဖွဲ့
 (၁) ဦး အဂ္ဂဝံသ
 (၂) ဦး မေဓာသာရ
 (၃) ဦး အာနန္ဒာပဏ္ဍိတ
 (၄) ဦး ဝိသုဒ္ဓ
 (၅) ဦး သုဘာသိတ
 (၆) ဦး ရေဝတ
 (၇) ဦး ပညာနန္ဒ 

(မှတ်ချက်။           ။ဤ အသင်း၏ အမည်ကို ၂၀၁၁ ခု နှစ်ကုန်ပိုင်းအချိန်တွင် “U Chandramani Memorial Student Welfare Trust”ဟု ပြန်ပြောင်းခဲ့ကြသည်။ အိန္ဒိယ ဗဟိုအစိုးရထံ၏ အသင်းအဖွဲ့စည်းများ မှတ်ပုံတင်ဌာနတွင် တရားဝင် မှတ်ပုံတင် လျှောက်ထားခဲ့ကြပြီး ၂၀၁၁ ခု နှစ်ကုန်ပိုင်းကတည်းကပင် တရားဝင် မှတ်ပုံတင်ကျပြီး၍ အစိုးရအသိမှတ်ပြု အဖွဲ့အစည်းတခု ဖြစ်ပါသည်။ လက်ရှိ အသင်း၏ အမည်ကို “U Chandramani Memorial Student Welfare Trust”ဟု မှတ်ယူရမည်ဖြစ်ပါသည်။ မြန်မာလိုအားဖြင့် ဖွဲ့စည်းခါစက သတ်မှတ်ထားခဲ့သော အမည်ကို ပြောင်းလွဲခြင်း မရှိခဲ့သောကြောင့် “ဦး စန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း”ဟူ၍ပင် မှတ်ယူရမည် ဖြစ်ပါသည်။ ယခုအခါမှာ အစိုးရအသိအမှတ်ပြု တရားဝင်အဖွဲ့စည်းတခု အနေဖြင့် မိမိတို့၏ လုပ်သင့်လုပ်ထိုက်သော ဘာသာရေး သာသနာရေး ကိစ္စအဝဝကို ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။)

Monday, August 13, 2012

နမော တဿ ဖြင့် မြတ်ဗုဒ္ဓအားရှိခိုးကန်တော့ခြင်း


မြတ်စွာဘုရားရှင်အား ...
“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”  " Homage to him, the Blessed one, the Holy one and the fully Enlightened one"

အရဟတော၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံတော်မူထိုက်ပေထသော ။သမ္မာသမ္ဗုဒ္ဓဿ၊ ဉေယျဓံတရားငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလိုကိုယ်တော်တိုင်သာလျှင် ကောင်းမွန်မှန်စွာ သိတော်မူပေထသော ။ တဿဘဂ၀တော၊ ဣဿရိယ၊ဓမ္မ၊ယသ၊သီရီ၊ကာမ၊ပယတ္ထ မည်ငြား ဘုန်းတော်ခြောက်ပါးသခင် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးအား။ နမော၊ ဒူး၊လက်၊နဖူး၊ထိငါးဦးဖြင့်  ကြည်နူးသဒ္ဓါ ရိုသေစွာဖြင့် ရှိခိုးကန်တော့ပါ၏ ဘုရား။ ။ ။ ဟုဆို၍ ရှိခိုးခဲ့သော ပုဂ္ဂိုလ် (၈) ဦးမှာ ...
(၁) သိကြားမင်း။
(၂) ကောသလမင်းကြီး။
(၃) ဇာဏုသောဏိ ပုဏ္ဏားကြီး။
(၄) ဗြဟ္မာယု ပုဏ္ဏားကြီး။
(၅) ဓနဉ္ဇာနီ ပုဏ္ဏေးမ။
(၆) အာရာမဒဏ္ဍ ပုဏ္ဏား။
(၇) ကာရဏပါလီ ပုဏ္ဏား။
(၈) မဟိန္ဒမင်းကြီးတို့ ဖြစ်ကြပါသည်။                 
                                                 အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Sunday, August 12, 2012

“ပျင်းရိလေ့ရှိသူတို့၏ အကြောင်း ၆-ပါး”

ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
၁။ အေးလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ( It is too cold).
၂။ ပူလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ( It is too hot).
၃။ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု၊ ( It is too late).
၎။ စောလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ( It is too early).
၅။ ဆာလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ( It is too Hungry).
၆။ ဝလွန်းသည်ဟု အမှုကိစ္စကို မပြု၊( It is too full).
ဤသို့ မခိုင်လုံသော ကိစ္စများကို ယိုးမယ်ဖွဲ့၍နေသော ထိုသူအား မဖြစ်သေးသော
စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော စည်းစိမ်တို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏။

ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။

(သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။)        
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Thursday, August 9, 2012

“ မိဘတို့ လိုလားသော အကြောင်း ၅-ပါး”


ဤအကြောင်းငါးမျိုးတို့ကို ကောင်းစွာမြင်သော မိဘတို့သည် အမျိုး၌ ဖြစ်သော သားသမီးကို အလိုရှိကုန်၏။

၁။ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။


၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေလိမ့်မည်။

၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။

၎။ အမွေခံ ဖြစ်ပေလိမ့်မည်။

၅။ ထို့ပြင် ဘ၀တစ်ပါးသို့ ပြောင်းသွားသော ငါတို့အား
---အလှူ၏ အဖို့ကို ပေးဝေကြပေလိမ့်မည်ဟု အလိုရှိကြကုန်၏။

ဤအကြောင်းတို့ကို ကောင်းစွာ ရှုမြင်သည့် ပညာရှိ မိဘတို့သည်
သားသမီးကို လိုချင် တောင့်တကြကုန်၏။

ထို့ကြောင့် ပြုဖူးသော ကျေးဇူးကို သိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော၊ ငြိမ်သက်သော စိတ်ရှိသော သူတော်ကောင်းတို့သည် ရှေးက ပြုဖူးသည်ကို အဖန်ဖန် အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေး မွေးမြူကြကုန်၏၊

ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထိုအတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကြကုန်၏။ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ်ကို မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့် ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။

(သုမန၀ဂ်၊ ၉ - ပုတ္တသုတ်။)                        အရှင် စန္ဒိမာ (ဓမ္မလရိပ်)

``ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း´´


ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူတောမည့် သတင်များကြားရပြီး ခေါင်းလောင်းကြီး၏
သမိုင်းစုံကို မသိသေးသူများအတွက် မျှဝေလိုက်ပါသည်။

Wednesday, August 8, 2012

ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး



အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
“အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။

အချိန် စီမံခန့်ခွဲမှု (Time Management)


သင့်ရဲ့ဘ၀ကို ပိုကောင်းအောင်ပြောင်းလဲဖို့ ကြိုးစားရာမှာ အရေးကြီးဆုံးစည်းမျဉ်းတစ်ခုကတော့ အချိန်ကို စီမံခန့်ခွဲတတ်ခြင်းပါပဲ။လူတော်တော်များများဟာ အလုပ်အကိုင်တွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးနေကြရပါတယ်။ ဒီအခြေအနေထဲကနေ ဘယ်လို ထွက်ရမယ်ဆိုတာလည်း မသိကြဘူး။ သူတို့ပြောင်းလဲနိုင်တဲ့အရာ ဘာမှမရှိကြဘူးလို့ ထင်နေကြတယ်။ဒါပေမဲ့ အဓိက ပြဿနာဟာ အချိန်မလောက်ငှခြင်းကြောင့်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

Saturday, August 4, 2012

ဗုဒ္ဓ၀င်အကျဉ်း


၁။ ဗျာဒိတ်ခံယူသောဘ၀ - သုမေဓာရှင်ရသေ့ဘ၀၊
၂။ ဗျာဒိတ်ခံယူသောနေ့ - ကဆုန်လပြည့်နေ့၊
၃။ ဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာဘုရား၊
၎။ ပါရမီဖြည့်ဖက် - သုမိတ္တာအမျိုးသမီး၊

Friday, August 3, 2012

ဓမ္မစကြာ ပါဠိတော် မြန်မာပြန်


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

( ဓမ္မစကြာအမွှန်း )
(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
(ခ) သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော။
စတုသစ္စံ ပကာသေန္တော၊ လောကနာထော အဒေသယိ။
(ဂ) နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗလောကဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမ ဟေ။