ဇေတ၀န်
မဂ္ဂဇင်း စာမူဖိတ်ခေါ်ခြင်း၊ ( အိန္ဒိယနိုင်ငံ၊ မဇ္ဈိမဒေသ၊ သာဝတ္ထိမြို့၊
မဟာဇေယျသုခ ကျောင်းတိုက်၌ ဇေတ၀န် မဂ္ဂဇင်း အမည်ဖြင့် စာအုပ်ထုတ်ဝယ်မည်
ဖြစ်ပါသဖြင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃရေးရာများနှင့် ဘာသာရေးကို အခြေခံသော သမိုင်း၊
ယဉ်ကျေးမူဆိုင်ရာ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုစာမူများတို့ကို စာရေးရန်
ဝါသနာပါသူများ၊ ကလောင်သစ်များ အနေဖြင့် ဖော်ပြပါ လိပ်စာများသို့
ရေးသားပို့ပေးနိုင်ကြပါကြောင်း လေးစားစွာဖြင့် စာမူဖိတ်ခေါ်အပ်ပါသည်။)
Friday, April 5, 2013
Thursday, February 28, 2013
လူငယ်များတွင် ရှိသင့်သောဂုဏ်ရည်များ
(၁)
သေချာတိကျခြင်း ( Accuracy )
(၂) လိုက်လျောညီထွေကျင့်ခြင်း ( Adaptability )
(၃) စွန့်စားစိတ်ရှိခြင်း ( Adventure )
(၄) နှစ်သက်ဖွယ်ဖြစ်ခြင်း (Agreeableness )
(၅) တိုးတက်ချင်စိတ်ရှိခြင်း ( Ami-biting )
(၆) အကောင်းအမြတ်ကို သိမြင်ခြင်း (Appreciation of the Beautiful )
(၇) သတိရှိခြင်း ( Caution )
(၈) ကြည်လင်ရွှင်ပြခြင်း ( Cheerfulness )
(၉) သန့်ပြန့်စင်ကြယ်ခြင်း ( Cleanliness )

Tuesday, February 5, 2013
မြတ်ဗုဒ္ဓ၏ တနေ့တာလုပ်ငန်း
(၁) နံနက်ပိုင်း လုပ်ငန်းစဉ်
နေ့စဉ် ဆွမ်းဘုန်းမပေးမီ မြတ်ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ ပုရေဘတ္တကိစ္စ” ဟု ခေါ်သည်။ နံနက်ပိုင်းတွင် မြတ်ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် ကျောင်းစဉ် စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်လတ်သော် ခြေဆေးခုံ၌ ခြေဆေးနေစဉ်မှာပင် ဒုလ္လဘတရား ငါးပါး ကို ဟောကြားလေ့ရှိသည်။
(၂) နေ့လည်ပိုင်း လုပ်ငန်းစဉ်
ဆွမ်းဘုန်းပေးပြီးနောက် မြတ်ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” ဟု ခေါ်သည်။ ဆွမ်းဘုန်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တပါးတည်းနေထိုင်ကာ အနားယူသည်။ ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်း ပရိသတ်အား တရားရေအေး အမြိုက်ဆေးကို နေ့စဉ် တိုက်ကျွေးလေ့ ရှိသည်။
(၃) ဥာဉ့်ဦးယံ လုပ်ငန်းစဉ်
ဥာဉ့်ဦးယံ၌ မြတ်ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” ဟု ခေါ်သည်။ လူဒါယကာ၊ ဒါယိကာမနှင့် ဘိက္ခုနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ဥာဉ့်ဦးယံ အချိန်တွင် ရဟန်းတော်များအား ဆုံးမသွန်သင်တော်မူသည်။ ရဟန်းတော်များမေးသော ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။
(၄) သန်းခေါင်ယံ လုပ်ငန်းစဉ်
ရဟန်းတော်များအား တရားဟောကြာပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသောလုပ်ငန်းစဉ်ကို “ မဇ္ဈိမယာမကိစ္စ” ဟု ခေါ်သည်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ရောက်ရှိလာသော နတ်၊ ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။ မေးလာသော ပြဿနာတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။
(၅) မိုးသောက်ယံ လုပ်ငန်းစဉ် နတ်၊ ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့်အချိန်ကို သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မျှတရေးအတွက် စင်္ကြန်ကြွတော်မူသည်။ ဒုတိယပိုင်းတွင် သတိနှင့် ယှဉ်လျက် တစ်ခဏတာမျှ ကျိန်းစက် အနားယူတော်မူသည်။ အနားယူပြီးနောက် အာရုံတက်ချိန်တွက် ကျိန်းစက်ရာမှ ထတော်မူကာ၊ မည်သူတို့အား ဆုံးမချေချွတ်ရအံ့နည်းဟု တစ်နေ့တာ လုပ်ငန်းကို စတင်ရန် မျှော်ခေါ်ဆင်ခြင်ကြည့်ရှူ့တော်မူသည်။ ဤ ဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံ လုပ်ငန်းစဉ် “ပစ္ဆိမယာမကိစ္စ” ဟုခေါ်သည်။
မြတ်ဗုဒ္ဓ၏ တနေ့တာ လုပ်ငန်းများကို လေ့လာကြည့်ပါက မိမိအကျိုးအတွက် ဆောင်ရွက်ခြင်း၊ နားနေခြင်း မရှိ၊ လောကအကျိုးအတွက် မနေမနားဆောင်ရွက်ကြောင်း ထင်ရှားသည်။ ဤသို့ဆောင်ရွက်သည်မှာ တနေ့တရက်မျှသာ မဟုတ်ဘဲ (၄၅) ၀ါ ပတ်လုံး ဖြစ်ပြီး မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဦးဆောင်ကာ မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုခေတ်
မဇ္ဈိမဒေသ နယ်နိမိတ်ကို ကျော်လွန်ကာ ဗုဒ္ဓသာသနာသည် စည်ပင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်
တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all
other gifts.
အရှင် စန္ဒိမာ(ဓမ္မလရိပ်)
Monday, January 21, 2013
မင်္ဂလာတရား ၃၈ ပါး နှင့် ၃၈ ဖြာ မင်္ဂလာ ကဗျာများ
၁။
အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။

Thursday, January 10, 2013
ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း
ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။
ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
Monday, January 7, 2013
အရှေ့တောင်အာရှနိုင်ငံများ၏ ဗုဒ္ဓဘာသာဝင်အရေအတွက်
၁ - ဗီယက်နမ်နိုင်ငံ - ၇၄,၂၆၈,၇၅၀
(၇၄.၂၆သန်း) ( ၈၅ ရာခိုင်နှုန်း )
၂ - ထိုင်းနိုင်ငံ - ၆၁,၈၁၄,၇၄၂ (၆၁.၈သန်း) (၉၂.၆ ရာခိုင်နှုန်း )
၃ - မြန်မာနိုင်ငံ - ၄၈,၀၁၉,၂၀၀(၄၈.၀၁ သန်း ) ( ၇၉.၆ ရာခိုင်နှုန်း )
၎ - ကမ္ဘောဒီးယားနိုင်ငံ - ၁၃,၉၃၈,၄၆၀ (၁၃.၉၃သန်း ) ( ၉၈.၅ ရာခိုင်နှုန်း )
၅ - လာအိုနိုင်ငံ - ၆,၁၉၅,၈၉၈ (၆.၁၉ သန်း )( ၉၅.၃ ရာခိုင်နှုန်း )
၆ - အင်ဒိုနီးရှားနိုင်ငံ - ၈,၀၉၂,၀၀၀ (၈.၀၉ သန်း) (၃.၄ ရာခိုင်နှုန်း)
၇ - မလေးရှားနိုင်ငံ - ၅,၉၇၀,၈၀၀ သန်း(၅.၉၇ သန်း) ( ၂၂ ရာခိုင်နှုန်း )
၈ - ဖီလစ်ပိုင် - ၂,၇၅၉,၄၉၀ (၂.၇၅ သန်း) ( ၃ ရာခိုင်နှုန်း )
၉ - စင်္ကာပူနိုင်ငံ - ၃,၃၄၁,၆၉၂ (၃.၃၄ သန်း) ( ၆၇ ရာခိုင်နှုန်း )
၁၀ - ဘရူနိုင်းနိုင်ငံ - ၂၉,၈၂၂ (၂၉.၈ သိန်း) ( ၀.၁၃ ရာခိုင်နှုန်း )

Subscribe to:
Posts (Atom)