*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Monday, October 22, 2012

“ ဗုဒ္ဓဂယာသို့ သွားရောက်ဖူးမြော် ကြည်ညိုခြင်းအကျိုး ”


“ အာနန္ဒာ၊ သဒ္ဓါတရားရှိသော ရဟန်းယောက်ျား၊ ရဟန်းမ၊ ဥပါသကာ၊ ဥပါသကာမတို့သည် ဤ (လုမ္ဗိနီ)ဌာနသည် မြတ်စွာဘုရားဖွားမြင်တော်မူသောနေရာ ဟူ၍လည်းကောင်း၊ ဤ(ဗုဒ္ဓဂယာ)ဌာနသည် မြတ်စွာဘုရားအမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဥာဏ်ကို ရရှိတော်မူသော နေရာ ဟူ၍လည်းကောင်း၊ ဤ (ဣသိပတနမည်သောမိဂဒါဝုန်) ဌာနသည် မြတ်စွာဘုရား အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို ဟောကြားတော်မူသော  နေရာ ဟူ၍လည်းကောင်း၊ ဤ(ကုသိနာရုံ)ဌာနသည်  မြတ်စွာဘုရား ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသော နေရာ ဟူ၍လည်းကောင်း၊ အောက်မေ့လျက် လာရောက် ဖူးမြော်ကြည်ညိုကြကုန်လတ္တံ့။ အာနန္ဒာ၊ ထိုထိုဌာန စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်သော သူတို့သည် ကြည်ညိုစိတ်ရှိလျက် သေကုန်ငြားအံ့၊ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာနတ်ပြည်သို့ ရောက်ကုန်လတ္တံ့ဟု မြတ်စွာဘုရား မိန့်ကြားတော်မူ၏။

သုတ်မဟာဝါပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ်၊ စတုသံဝေဇနိယ လေးဌာန (ဒီ၊ ၂၊ ၁၁၆)။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Monday, October 8, 2012

" နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် အကြောင်း "


" ဂေါတမ မြတ်စွာဘုရားရှင်၊ ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌
သီတင်းသုံးတော်မူသည့်အချိန်တွင်၊ အရှင်သာရိပုတ္တရာ၏
လျှောက်ထားချက်အရ၊ အရဟတ္တ...
ဖိုလ်ဈာန်သမာပတ် ဝင်စားပြီး၊
" အဇိတရဟန်း " သည်၊ နောင်အခါတွင် " အရိမေတ္တေယျဘုရား " ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော်မူပါသည်။

- အရိမေတ္တေယျဘုရားလောင်းသည်၊ တစ်ဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်၊ ပါရမီများ ဖြည့်ကျင့်ပြီး၊ တုသိတာနတ်ပြည်၌ တည်ရှိနေပါမည်။

- ဗြဟ္မဏဝတီပုဏ္ဏေးမ၏ ၀မ်းကြာတိုက်တွင် ပဋိသန္ဓေတည်ပါမည်။

- ဣသိပတေန သမင်တောတွင်၊ ဖွားမြင်တော်မူပါမည်။

- " အဇိတ " ဟူသော အမည်ကိုသာ ခံယူပါလိမ့်မည်။

- ဘုန်းကံကြီးမားမှုကြောင့်၊ ပြာသာဒ်လေးဆောင်ပေါ်လာပါမည်။

- " စန္ဒမုက္ခီ " အမျိုးသမီးနှင့် အိမ်ထောင်ပြုရပါမည်။

- " ဗြဟ္မာဝံသ " အမည်ရှိ၊ သားတော် ဖွားမြင်ပါလိမ့်မည်။

- သင်္ခမင်း၏ယဇ်တိုင် အပိုင်းပိုင်းပြတ်သည်ကို မြင်ရကာ၊ သံဝေဂ
တရားရပြီး ကံ့ကော်ပင်ရှိရာအရပ်သို့၊ ကောင်းကင်ယံခရီးဖြင့်၊
တောထွက်တော်မူပါမည်။

- ကံ့ကော်ပင်အောက်တွင်၊ ဒုက္ကရစရိယာအကျင့်ကို (၆) ရက် ကျင့်တော်မူအပြီး၊ စန္ဒမုက္ခီမိဖုရား လှူဒါန်းသော၊ နတ်သြဇာနှင့် ပြည့်စုံသည့်၊ နို့ဆွမ်းကို ခံယူတော်မူပါမည်။

- ညနေချမ်းအချိန်ရောက်သည့်အခါ၊ ကံ့ကော်ပင်နှင့်
မနီးမဝေး၊ ရတနာခုနစ်ပါးနှင့်ပြည့်စုံသည့်၊ အမြင့် ၆၄တောင်ရှိသော ရွှေပလ္လင် ပေါ်ပေါက်လာပါမည်။

- ထိုရွှေပလ္လင်အထက်ဝယ်၊ ထိုင်နေတော်မူလျက်၊ အရှေ့
လောကဓာတ် ကိုကြည့်ပြီး၊ မာရ်နတ်၏ရန်ကို အောင်မြင်
တော်မူလိမ့်မည်။

- ညဉ့်ဦးယံတွင် - ပုဗ္ဗေနိဝါသနုဿတိဉာဏ်တော်၊
သန်းခေါင်ယံအချိန်တွင် - ဒိဗ္ဗစက္ခုဉာဏ်တော်၊
မိုးသောက်ယံအချိန်တွင် - အာသဝက္ခယ ဉာဏ်တော်များ ရရှိပြီး၊ နေဝန်းကြီးပေါ်ပေါက်လာချိန်၌ကား၊ သစ္စာလေးပါးကို
သိသော သဗ္ဗညုတဉာဏ်တော်ကို ရတော်မူမည်။

- ဗြဟ္မာမင်းက တရားဟောရန် တောင်းခံချိန်တွင်၊ ဣသိပတန
ဥယျာဉ်တောသို့ ဓမ္မစကြာ တရားဦးဟောရန် ကြွတော်မူမည်။

- ဘုရားဖြစ်တော်မူပြီးသည့်အချိန်မှစ၍၊ ကုဋေခုနစ်ရာသော
ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင်၊ အနှစ်ရှစ်သောင်း ပြည့်သည့်အချိန်တွင်၊ ပရိနိဗ္ဗာန်စံဝင်လိမ့်မည်။

- ဤသည်တို့ကား၊ ဂေါတမဘုရားရှင် ဟောကြားတော်မူခဲ့သည့်၊ အရိမေတ္တေယျ ဘုရားရှင်အကြောင်းတို့၊ ဖြစ်ပေသည်။ "
                                                            အရှင် စန္ဒိမာ (ဓမ္မလရိပ်)

Monday, October 1, 2012

ရာဟုလာ သို့ ဗုဒ္ဓရဲ့ ဆုးံမစကား

ချစ်သား ရာဟုလာ -
အလုပ်တစ်ခု လုပ်တော့မည်ဆိုလျှင်၊
...
- မလုပ်ခင်ကပင် စဉ်းစားပါ။
မိမိလုပ်မည့်အလုပ်သည်၊ မိမိ, သူတစ်ပါး၊
ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မည် ဆိုပါက
မလုပ်ပါနှင့်။

- လုပ်ဆဲတွင်လည်း စဉ်းစားပါ။ မိမိ,
သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မည် ဆိုပါက မလုပ်ပါနှင့်။

- လုပ်ပြီးပြန်လျှင်လည်း စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်သည် ဆိုပါက မလုပ်ပါနှင့်တော့။

ချစ်သား ရာဟုလာ -
အပြောတစ်ခု ပြောတော့မည်ဆိုလျှင်လည်း၊
- မပြောခင်ကပင် စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မည် ဆိုပါက မပြောပါနှင့်။

- ပြောဆဲတွင်လည်း စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
- ပြောပြီးပြန်လျှင်လည်း စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်သည် ဆိုပါက မပြောပါနှင့်တော့။

ချစ်သား ရာဟုလာ -
အတွေးတစ်ခု တွေးတော့မည်ဆိုလျှင်လည်း၊
- မတွေးမီကပင် စဉ်းစားပါ။
- တွေးဆဲမှာလည်း စဉ်းစားပါ၊
- တွေးပြီးပြန်လျှင်လည်း စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်သည် ဆိုပါက မတွေးပါနှင့်တော့။

- ( ဗုဒ္ဓ )                                    အရှင် စန္ဒိမာ (ဓမ္မလရိပ်)