*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Monday, October 22, 2012

“ ဗုဒ္ဓဂယာသို့ သွားရောက်ဖူးမြော် ကြည်ညိုခြင်းအကျိုး ”


“ အာနန္ဒာ၊ သဒ္ဓါတရားရှိသော ရဟန်းယောက်ျား၊ ရဟန်းမ၊ ဥပါသကာ၊ ဥပါသကာမတို့သည် ဤ (လုမ္ဗိနီ)ဌာနသည် မြတ်စွာဘုရားဖွားမြင်တော်မူသောနေရာ ဟူ၍လည်းကောင်း၊ ဤ(ဗုဒ္ဓဂယာ)ဌာနသည် မြတ်စွာဘုရားအမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဥာဏ်ကို ရရှိတော်မူသော နေရာ ဟူ၍လည်းကောင်း၊ ဤ (ဣသိပတနမည်သောမိဂဒါဝုန်) ဌာနသည် မြတ်စွာဘုရား အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို ဟောကြားတော်မူသော  နေရာ ဟူ၍လည်းကောင်း၊ ဤ(ကုသိနာရုံ)ဌာနသည်  မြတ်စွာဘုရား ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသော နေရာ ဟူ၍လည်းကောင်း၊ အောက်မေ့လျက် လာရောက် ဖူးမြော်ကြည်ညိုကြကုန်လတ္တံ့။ အာနန္ဒာ၊ ထိုထိုဌာန စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်သော သူတို့သည် ကြည်ညိုစိတ်ရှိလျက် သေကုန်ငြားအံ့၊ ထိုသူအားလုံးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာနတ်ပြည်သို့ ရောက်ကုန်လတ္တံ့ဟု မြတ်စွာဘုရား မိန့်ကြားတော်မူ၏။

သုတ်မဟာဝါပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ်၊ စတုသံဝေဇနိယ လေးဌာန (ဒီ၊ ၂၊ ၁၁၆)။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment