Sunday, April 22, 2012
Thursday, April 19, 2012
ခွန်အား စိတ်ဓာတ် II
လူ့ဘဝ
အသက်အရွယ်နဲ့ မဆိုင်ပါဘူး... စိတ်ဓာတ်နုပျိုဖို့ပဲ အဓိကကျတယ်။
အဝတ်အစား
ခေတ်...မီ မမီနဲ့ မဆိုင်ပါဘူး... သက်တောင့်သက်သာရှိပြီး ကိုယ်နဲ့လိုက်ဖက်ဖို့ပဲ အဓိကကျတယ်။
အစားအသောက်
အစားကောင်း အသောက်ကောင်းနဲ့ မဆိုင်ပါဘူး.... အာဟာရမျှတဖို့ပဲ အဓိကကျတယ်။
အိမ်
အကြီး အသေးနဲ့ မဆိုင်ပါဘူး.... သန့်ရှင်း ချမ်းမြေ့ဖို့ပဲ အဓိကကျတယ်။
ကိုယ်ကာယလေ့ကျင့်ခန်း
နွေ မိုး ဆောင်းရာသီနဲ့ မဆိုင်ပါဘူး.... အမြဲ ဇွဲရှိရှိလုပ်နိုင်ဖို့ပဲ အဓိကကျတယ်။
စိတ်ဓာတ်
တမင်မွေးမြူစရာမလိုပါဘူး... လိုက်လျောညီထွေ နေထိုင်တတ်ဖို့ပဲ အဓိကကျတယ်။
စိတ်ဝင်စားမှု
ခမ်းနားကြီးကျယ် ခေတ်မီစရာ မလိုပါဘူး.... စိတ်ပါဝင်မှုကို ထိန်းထားနိုင်ဖို့ပဲ အဓိကကျတယ်။
သူငယ်ချင်း
နည်းတာ များတာနဲ့ မဆိုင်ပါဘူး.... စိတ်တူ ကိုယ်တူဖြစ်ဖို့ပဲ အဓိကကျတယ်။

Tuesday, April 17, 2012
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။
Thursday, March 29, 2012
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာ
ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
နိုင်ငံတကာ တက္ကသိုလ် ၀င်ခွင့်စာမေးပွဲများ အာရှတွင် ခေတ်စား

အေ(ခ်) တား ဂိုလ်ချာ (Ekta Golchha) ဟာ နိုင်ငံခြားတက္ကသိုလ်တက်ဖို့ အစောကြီးကတည်း ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။
သူမဟာ နီပေါနိုင်ငံကနေ အိန္ဒိယနိုင်ငံ ပူနေမြို့ကို ပြောင်းရွှေ့ပြီး၊ နိုင်ငံတကာ အသိအမှတ်ပြု အလယ်တန်းအဆင့် ကျောင်း (Baccalaureate secondary school) ကို တက်ခဲ့ပါတယ်။ အဲဒီက ကျောင်းပြီးတော့ ဗြိတိန်မှာ ပညာဆက်သင်ယူခွင့်ရပါတယ်။
Friday, March 23, 2012
၂၀၁၂ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်း ထုတ်ပြန်
ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ Times Higher Education အဖွဲ့ကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို မကြာခင်က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၄၉ နိုင်ငံက ပညာရှင် ၁၇၅၅၄ ဦးနဲ့အတူ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ စစ်တမ်းနဲ့ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)