*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Thursday, April 19, 2012

ခွန်အား စိတ်ဓာတ် II

လူ့ဘဝ
အသက်အရွယ်နဲ့ မဆိုင်ပါဘူး... စိတ်ဓာတ်နုပျိုဖို့ပဲ အဓိကကျတယ်။


အဝတ်အစား
ခေတ်...မီ မမီနဲ့ မဆိုင်ပါဘူး... သက်တောင့်သက်သာရှိပြီး ကိုယ်နဲ့လိုက်ဖက်ဖို့ပဲ အဓိကကျတယ်။

အစားအသောက်
အစားကောင်း အသောက်ကောင်းနဲ့ မဆိုင်ပါဘူး.... အာဟာရမျှတဖို့ပဲ အဓိကကျတယ်။

အိမ်
အကြီး အသေးနဲ့ မဆိုင်ပါဘူး.... သန့်ရှင်း ချမ်းမြေ့ဖို့ပဲ အဓိကကျတယ်။

ကိုယ်ကာယလေ့ကျင့်ခန်း
နွေ မိုး ဆောင်းရာသီနဲ့ မဆိုင်ပါဘူး.... အမြဲ ဇွဲရှိရှိလုပ်နိုင်ဖို့ပဲ အဓိကကျတယ်။

စိတ်ဓာတ်
တမင်မွေးမြူစရာမလိုပါဘူး... လိုက်လျောညီထွေ နေထိုင်တတ်ဖို့ပဲ အဓိကကျတယ်။

စိတ်ဝင်စားမှု
ခမ်းနားကြီးကျယ် ခေတ်မီစရာ မလိုပါဘူး.... စိတ်ပါဝင်မှုကို ထိန်းထားနိုင်ဖို့ပဲ အဓိကကျတယ်။

သူငယ်ချင်း
နည်းတာ များတာနဲ့ မဆိုင်ပါဘူး.... စိတ်တူ ကိုယ်တူဖြစ်ဖို့ပဲ အဓိကကျတယ်။

No comments:

Post a Comment