*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Sunday, April 22, 2012

ဗုဒ္ဓကိုယ်တိုင် အကြိမ်ပေါင်း တစ်သောင်းကျော် ဟောခဲ့သည့် တရား


မြတ်စွာဘုရားရှင်သည် ...နေ့စဉ်ဟောကြား သတိပေးမြဲဖြစ်သော တရားတစ်ပုဒ်ကို လေ့လာတွေ့ရှိရပါတယ်။
(၄၅)၀ါ နေ့စဉ်  အကြိမ်ပေါင်း တစ်သောင်းကျော်ဟောခဲ့သော တရားတော်ဟုဆိုရမှာလည်းဖြစ်ပါတယ်။
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ= ရဟန်းတို့ မမေ့ မလျော့ မပေါ့မဆသော သတိတရားဖြင့် ပြည့်စုံကြပါစေ..။


(၁) ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ= လောကမှာ ဘုရားပွင့်တော်မူဖို့ ခဲယဉ်းတယ်။
(၂) မနုဿတ္တဘာဝေါ ဒုလ္လဘော=လူအဖြစ်ကိုရဖို့ခဲယဉ်းတယ်။
(၃) ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ=ရတနာသုံးပါး ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်မှုနှင့် ပြည့်စုံဖို့ ခဲယဉ်းတယ်။
(၄) ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော=ရှင် ရဟန်းအဖြစ်ကို ရခဲတယ်။
(၅) သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ= သူတော်ကောင်းတရားကို ကြားနာရဖို့ ခဲယဉ်းတယ်။ (သုတ္တနိပါတ်အဋ္ဌကထာ)

No comments:

Post a Comment