*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Thursday, September 6, 2012

“လူကို ဖျက်ဆီးတတ်သော အကြောင်း ၈-ပါး”


 
၁။ လောင်းကစားလေ့ရှိခြင်း လည်းကောင်း၊
၂။ မိန်းမလိုက်စားလေ့ရှိခြင်း လည်းကောင်း၊
၃။ သေရည်သေရက် သောက်လေ့ရှိခြင်း လည်းကောင်း၊
၎။ ကခြင်းသီခြင်းကို ကြည့်ရှု နားထောင်လေ့ရှိခြင်း လည်းကောင်း၊

၅။ နေ့၌ အိပ်လေ့ရှိခြင်း လည်းကောင်း၊
၆။ အခါမဲ့၌ ခရီးသွားလာလေ့ရှိခြင်း လည်းကောင်း၊
၇။ မကောင်းသူတို့ကို အဆွေခင်ပွန်းဖွဲ့လေ့ရှိခြင်
း လည်းကောင်း၊
၈။ အလွန်စေးနှဲခြင်း လည်းကောင်း။
ဤရှစ်ပါးသော အကြောင်းတို့သည် လူကို ဖျက်ဆီးတတ်ကုန်၏။
အကျိုးစီးပွားတို့သည် ကျော်လွန်၍ သွားကုန်၏။ အကျိုးစီးပွား မဖြစ်ထွန်းနိုင်။
ဤလောက၌ အကြင်သူသည် အအေးကိုလည်းကောင်း၊
အပူကိုလည်းကောင်း၊ မြက် ထက်လွန်၍ မအောက်မေ့၊ တန်ဖိုးမထား။
ထိုသူသည် လူ့ကိစ္စတို့ကို ပြုသည်ဖြစ်၍ စီးပွားချမ်းသာ၏။
                          အရှင် စန္ဒိမာ (ဓမ္မလရိပ်)

(သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။)


No comments:

Post a Comment