*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Sunday, September 2, 2012

သီလ နဲ့ ပညာ


“လူတစ်ယောက် ရဲ့ ဘဝခရီးလမ်းမှာ ထိပ်တန်းတစ်နေရာရဖို့ အခက်အခဲတွေ၊ အတားအဆီးတွေ၊ စိတ်ပျက်စရာ နောက်ပြန်ဆုတ်စရာ အခြေအနေတွေ အများကြီးရှိတတ်တယ်။
ဘဝခရီးမှာ ခက်ခဲတဲ့ခရီးကို ဖြတ်ကျော်နိုင်မှ လူစွမ်းကောင်း ခေါ်တယ်။

လူစွမ်းကောင်းဟာ နေရာရဖို့ စတဲ့ အခွင့်အရေးတွေကို မမျှော်မှန်းဘူး။
အလုပ်ကိုပဲ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချတယ်။
ရည်ရွယ်ချက်မှန်မှန်နဲ့ အလုပ်လုပ်ဖို့ပဲလိုတယ်။

ဘယ်တော့မှ နောက်မဆုတ်နဲ့။
အဒဿနတော အာယန္တိ- အခွင့်အရေးဆိုတာ မမြင်နိုင်တဲ့ အရပ်က လာတာ။

Morality and wisdom are the capitals of the life.
ဘဝရဲ့ အရင်းအနှီးအစစ်က ကိုယ့်ကျင့်တရားနဲ့ ပညာပဲ။

ဘဝရဲ့ ခရီးကြမ်းကို လျှောက်လှမ်းတဲ့အခါ
ကိုယ်ကျင့်တရားနဲ့ ပညာ တွဲသွားဖို့ အရေးကြီးတယ်။

Character is the foot of the men.
ကိုယ်ကျင့်တရားဆိုတာ လူ့ခြေထောက်။

Wisdom is the eye of the men.
ပညာဆိုတာ လူ့မျက်လုံးပဲ။

ဒါကြောင့်... ဘဝခရီးကြမ်းကို လျှောက်လှမ်းတဲ့အခါ ကိုယ်ကျင့်တရားဆိုတဲ့ ခြေထောက်လည်း မပြတ်ကြပါစေနဲ့။
ပညာဆိုတဲ့ မျက်လုံးလည်း မကန်းကြပါစေနဲ့။

အားလုံး...ခြေထောက်မျက်လုံး ပြည့်ပြည့်စုံစုံနဲ့ ဘဝခရီးပန်းတိုင်ကို လှမ်းကိုင်နိုင်ကြပါစေ။

သီတဂူဆရာတော်ဘုရားကြီး
                                       

No comments:

Post a Comment